Sunday, July 29, 2007

ဝါဆိုလပြည့်
ဒီနေ့က ဒုတိယ၀ါဆိုလပြည့်နေ့ လေ......ဒါကြောင့် နေခြည်တို့ အလုပ်လုပ်တဲ့အိမ် က မနက် အရုဏ်တက်ချိန်က စပြီး ကြွလာသမျှ သံဃာတော်တွေကို ဆန်ပြုတ်ကပ်တယ်လေ....... ပျော်စရာလည်းကောင်းတယ်ဗျ....မနေ့မနက် က ဆို ၀ါဆိုသင်္ကန်းလည်းကပ်ကြတယ်........
အုန်းနို့ခေါက်ဆွဲလုပ်စားကြတာပေါ့.........အရမ်းလည်းစားကောင်းတယ် အီလည်းအီတယ်......
သူငယ်ချင်းတွေကိုတော့သတိရပါတယ်.........သူတို့လာစားရင်ကုန်မှာစိုးလို့ ခေါ်တော့ဘူး...............
စတာပါ........ အဲလိုစိတ်မျိုးမရှိပါဘူးဗျာ.........
ဒီနေ့သူများတွေ လည်လိုက်ကျတာ.........နေခြည်က အလုပ်က မပိတ်တော့ မလည်ရဘူးပေါ့.........
ပြီးရင် မေမေ ကလည်း ဘယ်မှ မသွားခိုင်းဘူးလေ...........
ချစ်သမီးလေးကို စိတ်မချလို့တဲ့............အဟဲ
သူငယ်ချင်းတွေလည်း ဒီနေ့ပြင်ဦးလွင်တက်ကြတယ်လေ...........သွားဖို့ခေါ်တာတောင် လိုက်လို့မရတဲ့ဘ၀ပါလားနော်.............တော်ပြီဗျာ.... ပြောရင်းနဲ့ဝမ်းနည်းလာပြီး........
အဟင့် အဟင့် ရွှတ်.......(မှတ်ချက်။ ၀မ်းနည်းလို့မျက်ရည်ကျခြင်း)
ကဲ.....၀ါတွင်းလည်း ရောက်ပြီ...........ဥပုတ်လေးလည်း စောင့်ကျအုန်းနော်..........



Thursday, July 26, 2007

မိဘမေတ္တာ

ဒီပုံကတော့ ကင်းမလက်မဲက သူ့သား သမီးတွေကို အစာကြွေးနေတဲ့ပုံပါပဲ....
ကင်းမလက်မဲ တို့ရဲ့ သဘာဝကတော့ အမတွေဟာ ကလေးတွေကိုမွေးပြီး သူ့သား သမီးတွေကို
သူ့ရဲ့ အသားကို စားစေပြီး ကြီးပြင်းစေခဲ့ပါတယ်.........နောက်ပိုင်း အမေက သား သမီး အတွက်
သူ့အသက် ကို စတေးခဲ့ရတယ်........မိဘမေတ္တာ ဘယ်လောက်အထိ မြင့်မြတ် တယ်ဆိုတာ
ပြသတာပါပဲ........ကိုယ့်မိဘတွေက ကိုယ့်ကို လိမ္မာစေချင်တဲ့အတွက် စကားနဲ့ တစ်မျိုး
လက်နဲ့တစ်မျိုး ဆုံးမတာကို ကိုယ်က ခံယူတတ်ရမယ်........မပြစ်မှားမိစေနဲ့........
နေခြည်လည်း မေမေက အဲလိုမျိုးဆုံးမတာကို နေခြည့်ကို မချစ်ဘူးဆိုပြီး ထင်ခဲ့တယ်......(မေမေက နေခြည့်ကို ရိုက်တာကိုး..........)
နောက်ပိုင်း သိလာတာကတော့ မေမေက နေခြည့် အတွက် ကောင်းစေချင်လို့ဆုံးမတာပါလား.........
ငါ့ကိုတော်တော်ချစ်ပါလားဆိုတာ........သိလာတယ်..........မိဘမေတ္တာ ဘယ်လောက် ကြီးမားတယ် ...
မိဘတွေက ကိုယ့်သား သမီးအတွက်အသက်တောင် စွန့်ဝံ့တယ်ဆိုတာ..........
ကင်းမလက်မဲ ဆိုတဲ့ တိရိစ္ဆာန်က သာဓက ပြသွားတာပါပဲ......
(မှတ်ချက်။ ။ တခြားကင်းတွေတော့ မသိဘူးဗျ..............ကင်းမလက်မဲတွေ ကတော့
မိခင်ရဲ့ အသားကိုစားပြီး ကြီးလာတာဗျ....................)
ဓါတ်ပုံကို ယူလာပေးတဲ့ မအိ ကို ကျေးဇူးတင်ပါတယ်.......

Tuesday, July 24, 2007

ကျွန်တော့်ကို blog ရေးတာသင်ပေးတဲ့ ဆရာအောင်ချမ်းလင်းကို ကျေးဇူးအများကြီးတင်ပါတယ်....
ကျွန်တော့်ကို blog ရေးတာ သင်ပေးတဲ့လက်ဦးဆရာပေါ့..... ကျွန်တော် ဒီblog လေးကို ရေးချင်နေတာကြာလှပြီ... ကိုဇော်မိုးအောင်ရဲ့ blog ကိုစတွေ့ကတည်းက ရေးချင်တာဗျ.......
အခုမှပဲ ရေးခွင့်ရတော့တယ်.... ကျေးဇူးကမ္ဘာဆိုင်အီယော .....ယောင်ပေစူးရေ......:P
ပြီးရင် ကျွန်တော်မသိတာတွေကို (အားအား....မအားအား.....)ဖြေပေးကြတဲ့ ကိုလွင်ကိုလတ် ၊ ကိုကျန်စစ်ဘုန်း (အင်း..နာမည်ရင်းတော့သိဘူး ဒါပဲနေမှာ အဟီး....) တို့ကိုလည်း ကျေးဇူးတင်ပါတယ်ဗျ...
ကျေးဇူးတင်ထိုက်သူတွေ အားလုံးကိုလည်း ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်....
အနော့်သူငယ်ချင်းအကြောင်း
သူနာမည်က ယယ်ယယ်တဲ့...မဲဆောက်မှာနေတာလေ...
သူနဲ့က အွန်လိုင်းနေပြီး အရမ်းခင်သွားတာ.........အခုသူက ထိုင်းက လူမှုဆက်ဆံရေးရုံးမှာအလုပ်လုပ်နေတာ.
တော်တော်လေးကိုခင်တယ်ဗျ.....
နောက်တစ်ယောက်က ကိုညီ......သူကယယ်ယယ်ရဲ့အကိုပေါ့.......
သူလည်းအရမ်းခင်ဖို့ကောင်းတဲ့သူတစ်ယောက်လေ.......သဘောလည်းအရမ်းကောင်းတယ်........
သူက ထိုင်းမှာ မြန်မာလူမျိုးတွေအတွက်ဖွင့်ထားတဲ့
Human Rescource Development Program(လူသားများပညာရည်မြှင့်တင်ရေး) ဆိုတဲ့ရုံးမှာလုပ်တာလေ.......အဲဒီရုံးကဘာလည်းဆိုတော့ သင်တန်းတွေကိုအခမဲ့ပို့ချပေးတယ်.......ကွန်ပျူတာရယ် အင်္ဂလိပ်စာရယ် ထိုင်းစာရယ် နောက် political science နောက်ဆုံးတစ်ခုအနေနဲ့  TOEFL သင်တန်းရယ် အဲဒါတွေကိုအခမဲ့သင်ပေးတယ်လေ........
အခု ဒီလောက်နဲ့တော်ပြီနော်.
အစမ်းရေးကြည့်တာ ...အဟီး