Thursday, July 26, 2007

မိဘမေတ္တာ

ဒီပုံကတော့ ကင်းမလက်မဲက သူ့သား သမီးတွေကို အစာကြွေးနေတဲ့ပုံပါပဲ....
ကင်းမလက်မဲ တို့ရဲ့ သဘာဝကတော့ အမတွေဟာ ကလေးတွေကိုမွေးပြီး သူ့သား သမီးတွေကို
သူ့ရဲ့ အသားကို စားစေပြီး ကြီးပြင်းစေခဲ့ပါတယ်.........နောက်ပိုင်း အမေက သား သမီး အတွက်
သူ့အသက် ကို စတေးခဲ့ရတယ်........မိဘမေတ္တာ ဘယ်လောက်အထိ မြင့်မြတ် တယ်ဆိုတာ
ပြသတာပါပဲ........ကိုယ့်မိဘတွေက ကိုယ့်ကို လိမ္မာစေချင်တဲ့အတွက် စကားနဲ့ တစ်မျိုး
လက်နဲ့တစ်မျိုး ဆုံးမတာကို ကိုယ်က ခံယူတတ်ရမယ်........မပြစ်မှားမိစေနဲ့........
နေခြည်လည်း မေမေက အဲလိုမျိုးဆုံးမတာကို နေခြည့်ကို မချစ်ဘူးဆိုပြီး ထင်ခဲ့တယ်......(မေမေက နေခြည့်ကို ရိုက်တာကိုး..........)
နောက်ပိုင်း သိလာတာကတော့ မေမေက နေခြည့် အတွက် ကောင်းစေချင်လို့ဆုံးမတာပါလား.........
ငါ့ကိုတော်တော်ချစ်ပါလားဆိုတာ........သိလာတယ်..........မိဘမေတ္တာ ဘယ်လောက် ကြီးမားတယ် ...
မိဘတွေက ကိုယ့်သား သမီးအတွက်အသက်တောင် စွန့်ဝံ့တယ်ဆိုတာ..........
ကင်းမလက်မဲ ဆိုတဲ့ တိရိစ္ဆာန်က သာဓက ပြသွားတာပါပဲ......
(မှတ်ချက်။ ။ တခြားကင်းတွေတော့ မသိဘူးဗျ..............ကင်းမလက်မဲတွေ ကတော့
မိခင်ရဲ့ အသားကိုစားပြီး ကြီးလာတာဗျ....................)
ဓါတ်ပုံကို ယူလာပေးတဲ့ မအိ ကို ကျေးဇူးတင်ပါတယ်.......

No comments: