Tuesday, August 7, 2007

Facts of Life 2004 JCNE R.D

သိမှတ်ဖွယ်ရာ သုတထွေလာ.....မနေ့ညက ဖတ်ရတဲ့ စာအုပ်ထဲမှာတွေ့လို့ တင်ပေးလိုက်တယ်နော် ကမ္ဘာပေါ်တွင် ယောက်ျားနှင့် မိန်းမ မည်သူက ပိုပြီးများသနည်း။ ကျွပ်န်ုတို့ ဂြိုလ်ကမ္ဘာတွင် လူသားပေါင်း (၆.၂)ဘီလီယံကျော်ရှိရာ အများစုမှာ ယောက်ျားများဖြစ်ကြပါသည်။ အမျိုးသမီးများထက် အမျိုးသားများက လွန်လွန်ကဲကဲပိုနေခြင်းတော့မရှိပါ။ ကမ္ဘာ၏နေရာ အနှံ့အပြားတွင် အမျိုးသမီးဦးရေ(၁၀၀)အတွက် အမျိုးသားဦးရေ(၁၀၁) ဦးရှိနေပါသည်။ သို့အတွက် ယောက်ျားများက သန်းပေါင်း (၄၀)ပိုနေပါသည်။ ကျားနှင့်မ အချိုးသည် ညီညီမျှမျှတည်ရှိနေသည် မဟုတ်ပေ။ အသက်နှင့် နေရာဒေသကိုလိုက်ပြီး အချိုးအပြောင်းအလဲရှိသည်။ တစ်ကမ္ဘာလုံးခြုံပြောရလျှင် အသက်ကြီးလာလေ ယောက်ျားဦးရေ အချိုးနိမ့်ကျသွားလေဖြစ်သည်။ ထို့ကြောင့် အသက်(၅၀) အထက်တွင် အမျိုးသမီးဦးရေသည် အမျိုးသားများထက် ပိုနေပါသည်။
ချင်းတွင်းကြည်ထွန်း

No comments: