Wednesday, August 8, 2007

လိုအပ်ချက်

ဒီတစ်ခါလည်း ရယ်စရာ ပြုံးစရာလေးတွေ တင်လိုက်အုန်းမယ် ဖတ်ထားတဲ့စာအုပ်ထဲကလေ........... လိုအပ်ချက် ဂုဏ်ထူးဆောင်ဘွဲ့ရ သူဌေးကြီးသည် မကြာမီသူနဲ့ လက်ထက်တော့မည့် မိန်းကလေးငယ်ကိုပြောသည်။ ``အကိုကြီးမှာ သွေးတိုး ရောဂါ ၊ နှလုံးရောဂါရှိတယ်ကွယ့် ။ ပြီးတော့ လိပ်ခေါင်းလည်းရှိတယ် ကွယ့်။ ပြီးတော့ ပန်းနာရပ်ကြပ် နဲ့ ဆီးချိုလည်းရှိတယ်။ နောက်ပြီး ......´´ ``နေပါဦးအကိုကြီးရယ် ၊ အကိုကြီးမှာရှိတာချည်းလျှောက်ပြောနေတာကိုး ။ မရှိတာလည်း ပြောဦးမှပေါ့........´´ ``အင်း.....မရှိတာကတော့ သွားပဲ ။ သွား လေး ငါး ခြောက် ချောင်း ၊ ခုနှစ်ချောင်းလောက်တော့ မရှိတော့ဘူး......ဟုတ်လား...ညီမလေး



No comments: